လူသားတွေဟာ ပြီးပြည့်စုံတယ်လို့  မရှိပါဘူး။ အမှားဟာ လူ့ မိတ်ဆွေပဲလို့  မှတ်ယူရမယ်။ လူတိုင်း တစ်ခါခါမှာ မှားကြတာချည်းပဲ။ အဲဒီအမှားတွေဆီက သင်ခန်းစာ ယူတတ်ဖို့ သာ လိုတယ်။ မှားတာတော မှားမှာပဲ။ ရိုးရိုးသားသားမှားတာ ဘယ်သူမျှ မကင်းနိုင်လို့  မင်းတို့ ဟာ မှားမှာ မကြောက်ကြနဲ့ ။ ဘာမျှ မလုပ်ရသေးခင်မှာ လုပ်လိုက်ရင် မှားမလားလို့  ကိုယ်ကိုယ်ကို မယုံကြည်မှုဟာ ဘာမျှ ဖြစ်မြောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ အဲဒီလူဟာ လူညံ့ပဲ။ လူတော်ဖြစ်ဖို့  မလွယ်တော့ဘူး။
မှားရဲမှ အမှန်ကျကျနနဖြစ်မယ်။ လူ့ လောကမှာ ပညာရှင်ကြီးတွေဟာ တစ်ယောက်မကျန် မမှားဘူးတာ မရှိဘူး။ တစ်ယောက်မကျန် မမှားဘူးတာ မရှိဘူး။ အမှန်ဖြစ်ဖို့  မှာ နှစ်မျိုးရှိတယ်။ သူများတွေ လုပ်တာ လိုက်လုပ်ရင် မမှားဘူးလို့  ဆိုနိုင်ချင် ဆိုနိုင်ပေမယ့် ဒါပေမယ့် အဲဒီလူဟာ ဘယ်တော့မှ ရှေ့ တန်းမရောက်ဘူး။ သူများရဲ့ နောက်လိုက်သာဖြစ်မယ်။ အများက လုပ်တာကို လိုက်လုပ်တဲ့ လူဟာ သူလိုငါလို သာမန်လူတစ်ယောက်သာဖြစ်မယ်။ ထူးချွန်သူဖြစ်မှာ မဟုတ်ဘူး။
မှားချင် မှားပါစေဆိုပြီး သူများတွေထက် ပိုကောင်းအောင် လုပ်ကြည့်မယ်လို့  သဘောထားပြီး `စွန့် ရဲတဲ့သူ´ ဟာ အမှားတွေကြားက ရှေ့ တန်းရောက်အောင် တိုးတက်တဲ့ အကြောင်း ဖတ်ကြစမ်းပါ။ စိတ်ဝင်စားစရာ သိပ်ကောင်းတယ်။ ဖတ်တဲ့လူဟာ ဖတ်ရင်း ဖတ်ရင်း တိုးတက်ချင်တဲ့ စိတ်ထက်သန်လာလိမ့်မယ်။
ဒီလို ဘ၀လူစွမ်းကောင်းတွေဟာ များသောအားဖြင့် `ငွေ´ ဇွန်းကိုက်ပြီး မွေးလာကြတဲ့ လူစားမျိုး မဟုတ်ဘူး။ သူလိုငါလို လူတွေပဲ။ တချို့ ဆိုရင် ဆင်းရဲတဲ့မိဘတို့ က မွေးဖွားလကြတာပါပဲ။ အဲဒီလိုဘ၀ အခြေအနေ မကောင်းလှတဲ့ လူတွေပါပဲ။ အားကျစရာကောင်းပါတယ်။
မင်းတို့ တစ်တွေလည်း သူတို့ လိုပဲဖြစ်အောင် ကြိုးစားကြပါ။ ကြိုးစားနိုင်ရမယ်။ အတတ်ပညာဟာ ထမင်းစား ရေသောက်သလို လွယ်တာမဟုတ်ဘူး။ မင်းတို့ လည်း ကိုယ့်မှာရှိတဲ့ အစွမ်းအစရှိမှာပါ။ ရှိမယ်လို့  ငါယုံတယ်။ လူတွေဟာ ငယ်စဉ်ကတည်းက ကိုယ့်လမ်းကိုယ် ဖောက်နိုင်ဖို့  ကြိုးစားရမယ်။ ကိုယ့်လမ်းကိုယ်ဖောက်ပြီး ကိုယ့်လမ်းကိုယ် လျှောက်ရလိမ့်မယ်။ အဲဒါမှ ဘ၀လူစွမ်းကောင်းဖြစ်ကြမယ်။
လူတိုင်းဟာ အမိဝမ်းမှ ကျွတ်ထွက်လာတဲ့ လူမမယ်ကလေးဟာ ကိုယ်တုံးလုံးဖြစ်နေပေမယ့် သူ့ မှာ အတွင်းပစ္စည်း နှစ်ခုပါလာတယ်။ အဲဒါဟာ ဥာဏ်နဲ့  ၀ီရိယ ပါပဲ။ လူတိုင်းမှာပါလာတဲ့ လက်နက် နှစ်ခုပဲ၊ လက်နက်ဆိုတာ လက်ထဲမှာရှိတဲ့ ကိုယ်ပိုင်ပစ္စည်းပဲပေါ့။ အဲဒီလက်နက်နှစ်ခုကို တောင်တက် တောင်ဆင်း လမ်းလျှောက်သင်ကတည်းကစပြီး အသုံးပြုရတဲ့ အဖိုးတန်ပစ္စည်းပါပဲ။ အဲဒီ လက်နက်ကို အခု မင်တို့  အရွယ်ကစပြီး သုံးကြရမယ်။ သုံးနိုင်အောင် သုံးတတ်အောင် ကြိုးစားကြပါ။
အဲဒီလက်နက်နှစ်စင်းအကြောင်း ပြောရဦးမယ်။ ဥာဏ်ဆိုတာ လူတိုင်းမှာ ရှိတယ်။ ဥာဏ်ထက်အောင်လုပ်ဖို့ က အတွေးအခေါ်အားကောင်းအောင် စာပေဗဟုသုတအင်အား များများဖြည့်ရတယ်။ ဗဟုသုတကို ပတ်ဝန်ကျင်မှာ ရှာနိုင်ပါတယ်။ ရှာပါ။ ဒါပေမယ့် စာ ထဲမှာ ပိုရှိတယ်။ စာများများဖတ်ပြီး ဖတ်ပြီးတာကို လေ့လာပါ။ ဖတ်ပြီး ပြီးရောလို့  သဘောထားတာ ညံ့တယ်။ ဖတ်ပြီးတွေး၊ မှတ် စိစစ်ဝေဖန်ရမယ်။ စာထဲက ပညာရမှာ စာဖတ်ကျိုးနပ်မယ်။ အဲဒီလို ဖတ် မှတ် တွေး။ အတွေးလမ်းဖြောင့်အောင် ရင့်ကျက်တဲ့ပုဂ္ဂိုလ်တွေရဲ့ အဆုံးအမကို ခံယူ။ ကိုယ်ပိုင်ဥာဏ်ကို သုံးနိုင်သလောက် သုံးပါ။ ၀ီရိယဆိုတာတော့ မင်းတို့  သိတန်သလောက် သိပြီးသားပဲ မဟုတ်လား။ ကြိုးစားအားထုတ် အစဉ်လုပ်လို့ သာ ဆိုပါမယ်။ အဲ.. အဲဒီလို ဥာဏ်ထက်အောင် စာဖတ်ပြီး တွေး၊ အလုပ်မှာ လုပ်စရာရှိတာကို အားကျိုး မာန်တက် ကြိုးစား၊ အချိန်မဖြုန်းနဲ့ ၊ လုပ်စရာရှိတာ လုပ်သင့်တာ အကျိုးဖြစ်မယ့်ကိစ္စကို အောင်မြင်သည်အထိ လုပ်၊ ကြိုးစား အားထုတ်ပါ။
ကြိုးစားရတာ ပင်ပန်းတယ်လို့  မထင်ပါနဲ့ ။ ပင်ပင်ပန်းပန်း လုပ်ရလေလေ ပင်ပန်းခံနိုင်ရည် တိုးလေလေဖြစ်တယ်။ များများလုပ်ရင် လမ်းမှန်ဖို့ သာလိုတယ်။ ထူးချွန်မှုရမှာ သေချာတယ်။ အဲဒီနည်းနဲ့ သာ လမ်းမှန်ကို လလျှောက်ပါ။ မလုပ်ရဲ မစွန့် ရဲ မဖြစ်ပါနဲ့ ။ ဒါတစ်ခုတော့ မှတ်ထားပါ။ လမ်းမှားမလိုက်မိဘဲ လမ်းမှန်လျှောက်မှ ထူးချွန်တယ်။ ကျောင်းသားဆိုရင် ဂုဏ်ထူးတွေ ဘွဲ့ ထူးတွေ ရမယ်။ မမှားအောင် အမြဲဆင်ခြင်ပါ။ ၀ါရင့်လာတော့ လူတော် လူကောင်းဖြစ်လာပြီး ဘ၀အောင်မြင်ရေး ရပါလိမ့်မယ်။
စွန့် စွန့် စားစား လုပ်ကိုင်နိုင်မှ ထူးထူးခြားခြား ထူးထူးချွန်ချွန် ဖြစ်ပါလိမ့်မယ်။
တက်တိုး

No comments:
Post a Comment