Friday, April 11, 2008

ချီးမွမ်းစကားဆိုခြင်း

ချီးမွမ်းစကားကို နှစ်သက်ရာ၌ ကလေးနှင့် လူကြီး ကွဲပြားခြားနားမှု မရှိပေ။


သင့်တင့်လျောက်ပတ်သော ချီးမွမ်းစကား..

သင့်တင့်လျောက်ပတ်သော ချီးမွမ်းစကားမျိုးကို သင့်တင့်လျောက်ပတသော်အခါကာလ၌ သင့်တင့်လျောက်ပတ်သော ပုဂ္ဂိုလ်အား သင့်တင့်လျောက်ပတ်စွာ ပြောဆိုတတ်ပါက လူမှုဆက်ဆံရေးလောက၌ အောင်မြင်သော ပုဂ္ဂိုလ်တစ်ဦး သင် မုချဖြစ်ပေပြီ။


တွန်းအား..

တကယ် စစ်မှန်သော ချီးမွမ်းစကားသည် လူ တစ်ယောက်အား မိမိလုပ်ရပ်အပေါ် ပို၍ ထက်သန်တက်ကြွလာစေမည့် အင်အား အကောင်းဆုံးသော တိုက်တွန်းစေ့ဆော်မှုတစ်ရပ်ဖြစ်သည်။


လူကြုံစကား..

ချီးမွမ်းစကားတစ်ခုကို လူကြုံဖြင့် လက်ဆောင်ပါးခြင်း သို့ မဟုတ် ကာယကံရှင်နားသို့  ရောက်အောင် ပို့ မည် ကြားလူတစ်ယောက်ရှေ့ တွင် ပြောကြားခြင်းကား လူချစ်လူခင်များစေမည့် အလွန်ထိရောက်သော နည်းတစ်ခုဖြစ်၏။ စကားတစ်ခွန်းတည်းဖြင့်ပင် ကာယကံရှင်အဖို့  နှစ်ထပ်ကွမ်း ချီးမွမ်းခံရသလို ခံစားရတတ်ပေသည်။



ဖေမြင့် ဘာသာပြန်

No comments: